Welcome to 23th Term of FTTY

ချစ်စွာသော သန့်ရှင်းသူ ညီအစ်ကို ညီအစ်မများ – အပတ်စဉ် ၂၂ ကို လာမည့် မတ်လ(၅) ရက်နေ့တွင် သင်တန်းပြီးဆင်းတော့မည်ဖြစ်ပါ၍၊ လာမည့် မတ်လ (၂၇)နေ့တွင် အပတ်စဉ် (၂၃) ကို စတင်ဖွင့်လှစ်တော့မည်ဖြစ်ပါသည်၊၊ သို့ဖြစ်ပါ၍ ချစ်စွာသော သန့်ရှင်းသူညီအစ်ကိုညီအစ်မများ အပတ်စဉ်(၂၃) တွင် သင်တန်းသားအဖြစ် ပါဝင်တက်ရောက်လိုသောညီအစ်ကိုညီအစ်မများသည် အောက်ပါ အချက်များအတိုင်း ဦးဆောင်သူများမှတဆင့်သော်လည်းကောင်း၊ မိမိကိုယ်တိုင်အားဖြင့်သော်လည်းကောင်း ကြိုတင် နာမည်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း ကြိုတင်အကြောင်းကြားအပ်ပါသည်၊၊

သင်တန်းတက်ရောက်မည့်သူများသည် –
၁၊၊ သခင်ဘုရားကို ရှာဖွေဆာငတ်သူဖြစ်ရမည်၊၊
၂၊၊ ဦးစွာ မိမိကိုယ်ကို သခင်ဘုရားထံ၊ အမှုတော်အဖို့ ဆက်ကပ်အပ်နှံထားသူဖြစ်ရမည်၊၊
၃၊၊ ကွမ်း၊ဆေးလိပ်၊ အရက်မှစ၍ မူးယစ်ဆေးဝါးများနှင့် ကင်းရှင်းသူဖြစ်ရမည်၊၊
၎၊၊ သင်တန်းစည်းမျည်းစည်းကမ်းများကို တသွေမသိမ်းလိုက်နာရမည်၊၊ သင်တန်းစည်းကမ်းများကိုလိုက်နာခြင်းမရှိပါက၊ အလိုအလျောက်ထုတ်ပယ်ပီးဖြစ်သည်၊၊
၅၊၊ သင်တန်းကာလ(၂)နှစ်ပြီးဆုံးသောအခါ၊ ဦးဆောင်သူညီအစ်ကိုများ၏ လမ်းညွန်မှုအောက်၌ အမှုတော်အတွက် ပါဝင်အသုံးခံနိုင်သူဖြစ်ရမည်၊၊
၆၊၊ သင်တန်းကြေးအဖြစ် သင်တန်းအပတ်စဉ်တစ်ခုအတွက် ကျပ်- ၄၀၀၀၀ တိတိပါဝင်ရမည်ဖြစ်ပါသည်၊၊
၇၊၊ သင်တန်းတက်ရောက်မည့်သူများသည် တစ်လကြိုတင် စာရင်းသွင်းအကြောင်းကြားရမည်၊၊
၈၊၊ သင်တန်းတက်ရောက်မည့်သူများသည် သင်တန်းကျောင်းသို့ သတ်မှတ်ထားသောရက်အရောက်လာရမည်၊၊
၉၊၊ ထို့အပြင် သင်တန်းကာလအတွင်း တစ်ကိုယ်ရေသုံးဖို့အတွက်လိုအပ်သောအရာများမှာ စာအုပ်၊ ရှူးဖိနပ်၊ အဖြူအမဲဝတ်စုံ၊ ခြင်ထောင်၊ စောင် အသေးသုံးစရိတ်စသည်တို့ကို မိမိအစီအစဉ်ဖြင့်ပြင်ဆင်ရမည်၊၊